Posts

ဝိုင်အမျိုးအစားများ

Image
ဝိုင်အမျိုးအစားများ ၀ိုင်တွေဘယ်နှမျိုးလောက်ရှိပါသလဲ။ ၀ိုင်ဖြူ ၀ိုင်နီ ရိုစေးဝိုင် စသည်ဖြင့် ရေတွက်လို့ရပါသလား။ ဒါမှမဟုတ် Chardonnay, Riesling, Pinot Noir စပျစ်မတူတာတွေကို ရေတွက်ရတာလား၊ တံဆိပ်တွေကိုပဲ အမျိုးအစားအနေနဲ့ ရေတွက်ရတာလား စဉ်းစားဖူးကြမှာပါ။ တစ်ကယ်တော့ ၀ိုင်အမျိုးအစားကိုသတ်မှတ်ရာမှာ အထက်ပါ အချက်တွေကို အခြေခံတာမျိုးမဟုတ်ပဲ ၀ိုင်ချက်လုပ်တဲ့ နည်းလမ်းကွဲပြားမှုအပေါ်မှာသာ အခြေခံတာပါ။ ၀ိုင် အမျိုးအစား ၄မျိုးရှိပါတယ်။ အချို့က Organic Wine ကိုပါ ထည့်ရေတွက်ပြီး ၅ မျိုးလို့ ပြောကြပါတယ်။ လူသိနည်းတဲ့ Fortified နဲ့ Aromatized Wine တွေကို ဦးစားပေးရေးပါမယ်။ 1. Still Wine 2. Sparkling Wine 3. Fortified Wine 4. Aromatized Wine 5. Organic Wine Still Wine ကျွန်တော်တို့ အလွယ်တကူနဲ့ အများဆုံးတွေ့ရတဲ့ စပျစ်ထဲက သကြားဓာတ်နဲ့ တဆေးတို့ ရောနှောဓာတ်ပြုပြီး အချဉ်ဖောက် (Ferment) တဲ့ အဆင့်နဲ့တင် ထုတ်လုပ်ထားတဲ့ ၀ိုင်အမျိုးအစားပါ။ ဒီအမျိုးအစားအောက်မှာ ပုံမှန် ၀ိုင်ဖြူ၊ ၀ိုင်နီ၊ ရိုစေးဝိုင် တို့ပါဝင်ပါတယ်။ ကော့ညက်တို့ ဘရမ်ဒီတို့လို အရက်ပြင်းတွေရောပြီး တဆေး (yeast) ကို အလုပ်မလုပ်နိုင်စေတဲ့ အပြင်းဖေ